အရမ်းမျှော်လင့်ထားပြီးဘာမှဖြစ်မလာတဲ့ စိတ်ခံစားချက်ကိုရဖူးတော့ Winner ဖြစ်ဖို့ သိပ်မတွေးထားဘဲ အကောင်းဆုံး သီဆိုသွားဖို့ပဲ စဉ်းစားထားတယ် ဆိုတဲ့ ဟေဇယ်
The Voice Myanmar season 2 ရဲ့ Finalist ပြိုင်ပွဲဝင် တစ်ဦးဖြစ်တဲ့ ဟေဇယ် ကတော့ မကြာမီတွင်ပြုလုပ်တော့မယ့် The Voice Myanmar Final ပွဲမှာ အကောင်းဆုံးသီဆိုတင်ဆက်သွားဖို့ပဲ စဉ်းစားထားပြီး အရမ်းမျှော်လင့်ထားပြီး ဘာမှဖြစ်မလာတဲ့ စိတ်ခံစားချက်ကိုရဖူးတာကြောင့် Winnerဖြစ်ဖို့သိပ်မတွေးထားဘူးလို့ဆိုကာ Coachဖြစ်သူ မနီနီခင်ဇော်က တစ်ချိန်လုံးကလေးတစ်ယောက်လိုဂရုစိုက်ပြီး အားနည်းချက်တွေကိုသေချာပြောပြပေးလို့ ပညာအများကြီးရတယ် လို့ ခုလိုပြောပြခဲ့ပါတယ်။