အိုမန်ပင်လယ်ကွေ့၌ ရေနံတင်သင်္ဘောနှစ်စီးတိုက်ခိုက်ခံရမှုအတွက် အီရန်တွင် တာဝန်ရှိကြောင်း အမေရိကန်က အပြစ်တင်ခဲ့ပြီး အီရန်ဘက်မှ ပြန်လည်ငြင်းဆို
ဇွန်လ ၁၃ ရက်နေ့က အိုမန်ပင်လယ်ကွေ့မှာ ရေနံတင်သင်္ဘောနှစ်စီးတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး အီရန်မှာ တာဝန်ရှိနေတယ်လို့ အမေရိကန်နိုင်ငံက ဝေဖန်ပြစ်တင်ခဲ့ပြီး အီရန်ဘက်ကတော့ အဲဒီစွပ်စွဲမှုကို အခိုင်အမာ ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။