တရုတ်နိုင်ငံတွင် ရေကြီးရေလျှံမှုများကြောင့် ၆၁ ဦး သေဆုံးခဲ့ပြီး လူဦးရေ ၃သိန်းခွဲကျော် အိုးအိမ်စွန့်ခွာခဲ့ရ
အခုသီတင်းပတ်အတွင်း တရုတ်နိုင်ငံ တောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသ အများအပြားမှာ ဖြစ်ပွားခဲ့တဲ့ မိုးရွာသွန်းမှုတွေနဲ့ ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူ ၆၁ ဦးအထိ ရှိခဲ့ပြီး လူဦးရေ ၃၅၆,၀၀၀ အိုးအိမ်စွန့်ခွာခဲ့ရတယ်လို့ သိရပါတယ်။