ဆေးခြောက် စိုက်ခင်း ဟုဆိုကာ အမေရိကန် နိုင်ငံသား နှင့် စိုက်ခင်းတာဝန်ခံနှစ်ဦးဖမ်းဆီးခံထားရမှုကို ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်တွေက အမေရိကန်သမ္မတထံ အသနားခံစာပေးပို့ထား
ဆေးခြောက်စိုက်ခင်း စိုက်ပျိုးတယ်လို့ဆိုပြီး ဖမ်းဆီးခံထားရတဲ့အမေရိကန်နိုင်ငံသား ဂျွန်ဖက်ဒရစ်တိုဒိုရိုခီ၊ စိုက်ခင်းတာဝန်ခံတွေ ဖြစ်တဲ့ ကိုရှိန်းလတ်နဲ့ မရွှန်းလဲ့မြတ်တို့နဲ့ပတ်သက်ပြီး ၄င်းတို့ရဲ့ ရှေ့နေဖြစ်သူ တရား လွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ဇွန်လ ၁၄ ရက်နေ့က ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ ပါတယ်။