ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ပဋိပက္ခနှင့်ပတ်သက်၍ အောင်သပြေကျေးရွာ ရာအိမ်မှူးအပါ ဖမ်းဆီးခံထားရသည့် ဒေသခံခြောက်ဦးကို ပုဒ်မ ၂ ခု ဖြင့် စတင် တရားစွဲဆို
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ပဋိပက္ခနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ ဒေသခံများကို ကုမ္ပဏီစက်ရုံဝန်းအတွင်း ဝင်ရောက်မီးရှို့ဖျက်ဆီးမှု၊ အကျိုး ဖျက်ဆီးမှု ပုဒ်မတို့ဖြင့် ပုသိမ်ကြီးမြို့နယ်တရားရုံးမှာ ဇွန် ၁၄ ရက် နံနက်ပိုင်းက စတင်တရားစွဲဆိုခဲ့တယ်လို့ သိရပါတယ်။