မန္တလေးမြို့တွင် စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ တရားမျှတရေးနှင့် အမှန်တရားပေါ်ပေါက်ရေး ကော်မတီ ဖွဲ့စည်းခဲ့ပြီး အောင်သပြေကျေးရွာ ပြဿနာကို ကူညီမည်ဟု ဆို
မန္တလေးမြို့အနီးဝန်းကျင်တွင် တည်ဆောက်နေတဲ့ စီမံကိန်းလုပ်ငန်းများနဲ့ပတ်သက်လို့ တရားမျှတရေးနှင့် အမှန်တရား ပေါ်ပေါက်ရေး ကော်မတီတစ်ရပ်ကို မန္တလေးမြို့ရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ အရက်ဖက် အဖွဲ့အစည်းများ စတဲ့ အဖွဲ့များပေါင်းကာ ဇွန် ၁၆ ရက် ညနေပိုင်းက ဖွဲ့စည်းခဲ့ကြပြီး ကနဦးအနေဖြင့် အောင် သပြေကျေးရွာပြဿနာများကို ကူညီဖြေရှင်းပေးသွားမယ်လို့ သိရပါတယ်။