ရန်ကုန်တိုင်းအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဖြည့်စွက် ခွင့်ပြုငွေ ကျပ် ၄၂ ဘီလီယံကျော် တင်ပြတောင်းခံရာတွင် ဘဏ္ဍာရေး ကော်မရှင်က ၁၁ ဘီလီယံခန့် ဖြတ်တောက် ခွင့်ပြုခဲ့ဟု သိရ
ရန်ကုန်တိုင်းဒေသကြီးရဲ့ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက် ခွင်ပြုငွေအဖြစ် ကျပ် ၄၂.၅၇၆ ဘီလီယံ တင်ပြ တောင်းခံခဲ့ရာ ဘဏ္ဍာရေး ကော်မရှင်က ကျပ် ၁၀.၉၀၇ ဘီလီယံ ဖြတ်တောက်ခဲ့ပြီး ကျပ် ၃၁.၆၆၉ ဘီလီယံ ခွင့်ပြုခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက တိုင်းလွှတ်တော်သို့ ရှင်းလင်း တင်ပြခဲ့ပါတယ်။