၅ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့တွင် အားလုံးပါဝင်ဆင်နွှဲကြရန် ဝန်ကြီးချုပ် မိုဒီတိုက်တွန်း
ဇွန်လ ၂၁ ရက်နေ့မှာကျရောက်မယ့် ၅ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့အကြိုအဖြစ် စုပေါင်းယောဂကျင့်စဉ် အခမ်းအနားတွေကို ကမ္ဘာ့နိုင်ငံတွေမှာ ပြုလုပ်နေကြပြီဖြစ်ပြီး အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီကလည်း ယောဂနေ့မှာ အားလုံးပါဝင်ဆင်နွှဲကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။