မကွေးတိုင်းအတွင်းသစ်ပင်ပေါင်းတစ်သိန်းအထိစိုက်ပျိုးသွားမည့် သစ်ပင်စိုက်ပွဲတော်ကိုချောက်နှင့် ရေနံချောင်း တို့၌ စတင်ခဲ့ပြီးရုပ်ရှင် သရုပ်ဆောင် ၅၀ ကျော် ပါဝင်ခဲ့
မြန်မာနိုင်ငံတွင် အပူချိန်အမြင့်ဆုံးစံချိန်တင်နေတဲ့ မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်များမှာ သစ်ပင်ပေါင်း တစ်သိန်းအထိ စိုက်ပျိုးရန်ရည်ရွယ်ထားတဲ့ အပူရှိန်လျှော့ချရေး သစ်ပင်စိုက်ပွဲတော်ကို ချောက်နှင့် ရေနံချောင်းမြို့တိုု့မှာ ဇွန် ၁၈ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ဒေသခံပြည်သူများနဲ့အတူ ရုပ်ရှင်သရုပ်ဆောင်၅ဝကျော် ပါဝင်သစ်ပင်စိုက်ခဲ့ကြတယ်လို့ သိရပါတယ်။