ပုဏ္ဏားကျွန်းမြို့လယ်ရှိ ရဲစခန်းဟောင်း မြေနေရာတွင် နှစ် ၂၀ ကျော်သက်တမ်းရှိ ဆိုင်ခန်း ၈၀ ခန့်ကို ဖယ်ရှားပေးရန် ထုတ်ပြန်
မြို့လုံခြုံရေးအတွက်ဟုဆိုကာ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့လယ်ရှိ ရဲစခန်းဟောင်း မြေနေရာပေါ်မှာတည်ဆောက်ထားတဲ့ နှစ်ပေါင်း ၂၀ ကျော်သက်တမ်းရှိတဲ့ဆိုင်ခန်း ၈၀ ခန့်ကို ဖယ်ရှားပေးဖို့ ပုဏ္ဏားကျွန်းမြို့နယ်ရဲစခန်းက ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။