စစ်ကိုင်းတက္ကသိုလ်အနီးတွင် အသက် ၁၈နှစ်အရွယ်အမျိုးသမီးတစ်ဦးကို ရည်းစားဟောင်းဖြစ်သူက ဓားဖြင့် ထိုးမှုဖြစ်ပွား
စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးကားလမ်း၊ စစ်ကိုင်းတက္ကသိုလ်အနီး၊ ပဲကတိုးကျေးရွာ၊ နိုးနိုးအမျိုးသမီးအဆောင် ရှေ့မှာ ရည်းစားဟောင်းဖြစ်သူက ချစ်လားလို့မေးရာ မချစ်ဘူးလို့ပြန်လည်ပြောဆိုခဲ့တဲ့ အသက် ၁၈ နှစ် အရွယ် အမျိုးသမီးတစ်ဦး ဓားဖြင့်ထိုးခံရမှု ဇွန် ၁၉ ရက် ညနေ ၄ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းမြို့မရဲစခန်းထံ က သိရပါတယ်။