ကျပ်သန်း ၅၀၀၀ ကျော် ဘတ်ဂျက်သုံးဆောင်ရွက်နေသည့် မန္တလေးတိုင်းအတွင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်း များထဲမှ ပြီးစီးသည့်နေရာများကို တိုင်းစီမံကိန်းအရည်အသွေးစစ်ဆေးရေးအဖွဲ့က ကွင်းဆင်းစစ်ဆေး
မန္တလေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်နဲ့ ဒုဋ္ဌဝတီမြစ် ကမ်းတစ်လျှောက် ကမ်းပြိုမှုဖြစ်ပေါ်တဲ့နေရာတွေ ကို နှစ်အလိုက်ခွင့်ပြုရန်ပုံငွေဖြင့် ကမ်းပြိုကာကွယ်ရေး ကမ်းထိန်းနံရံတည်ဆောက်ခြင်းများဆောင်ရွက်နေရာမှာ ပြီးစီးသွားတဲ့စီမံကိန်းလုပ်ငန်းတွေကို တိုင်းဒေသကြီး အစိုရအဖွဲ့က ဖွဲ့စည်းပေးထားတဲ့ စီမံကိန်းလုပ်ငန်း အရည်အသွေးစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများပြုလုပ်နေတယ်လို့ သိရပါတယ်။