ကျပ်သန်း ၅၀၀၀ကျော်ကုန်ကျခံ ဆောက်လုပ်ခဲ့သော တောင်ဒဂုံ နှင့် သင်္ဃန်းကျွန်း ဆက်သွယ်ထားသော တံတားသစ် သုံးလ အကြာတွင် အနည်းငယ်နိမ့်ဆင်းမှု ဖြစ်ပွား
ကျပ်သန်း ၅၀၀၀ကျော် ကုန်ကျခံဆောက်လုပ်ခဲ့တဲ့ တောင်ဒဂုံမြို့နယ်နဲ့ သင်္ဃန်းကျွန်းမြို့နယ်တွေကို ဆက်သွယ်ထားတဲ့ တောင်ဒဂုံ-သုဝဏ္ဏတံတားသစ်မှာ သုံးလကျော်အကြာမှာ အနည်းငယ်နိမ့်ဆင်းမှု ဖြစ်ပွားခဲ့တယ်လို့ တောင်ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထံမှ သိရပါတယ်။