ရာသီတုပ်ကွေး H1N1 ကြောင့် သေဆုံးသူ ငါးဦး ရှိပြီဖြစ်ကာ သံသယလူနာ ၄၈ ဦးနှင့် ရောဂါပိုးတွေ့ရှိသူ ၁၂ ဦးရှိပြီဖြစ်ကြောင်း ကုသရေး ဦးစီးဌာနမှ တာဝန်ရှိသူ ဆို
ဇွန်လ(၁၉)ရက်နေ့အထိ H1N1 ရာသီတုပ်ကွေးရောဂါ သံသယလူနာ(၄၈)ဦးအား ဓာတ်ခွဲစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး အတည်ပြုလူနာ(၁၂)ဦး တွေ့ရှိခဲ့ကာ (၅)ဦးသေဆုံးခဲ့တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှက ပြောပါတယ်။