နိုင်ငံအတွင်း နေထိုင်သူ တစ်ဦးချင်းအား Unique ID Number ပေးအပ်မည့် အစီအစဉ်နှင့် နိုင်ငံသားကဒ်အား Smart Card ဖြင့် ထုတ်ပေးနိုင်မည့် လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရန် ခွင့်ပြုထားပြီး ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
နိုင်ငံအတွင်း နေထိုင်သူ တစ်ဦးချင်းအား Unique ID Number ပေးအပ်မယ့် အစီအစဉ်နှင့် နိုင်ငံသားကဒ်အား Smart Card ဖြင့် ထုတ်ပေးနိုင်မယ့် လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရန်အတွက် e-Government အကောင်အထည်ဖော်ရေး ဗဟိုကော်မတီမှ ခွင့်ပြုထားပြီးဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားပါတယ်။