■ မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ သင့်လျော်မှုမရှိတဲ့ ဝတ်စားဆင်ယင်မှုတွေကိုဝတ်ဆင်ရိုက်ကူးထားတဲ့ ဓါတ်ပုံ ဗီဒီယိုတွေ facebook ပေါ်တင်တာကြောင့် မြန်မာနိုင်ငံဆေးကောင်စီက ဒေါက်တာနန်းမွေစံကို အထွေထွေ ဆေးကုသခွင့်လိုင်စင်ရုတ်သိမ်းလိုက်ပါတယ်။ အဲဒိလို လိုင်စင်ရုတ်သိမ်းခံရတာနဲ့ပါတ်သက်ပြီး လူမှုကွန်ရက်မှာ ဝေဖန်မှုမြင့်တက်ခဲ့ရာမှာ ဒေါက်တာနန်းမွေစံဘက်က ထောက်ခံသူတွေရှိသလို မြန်မာနိုင်ငံဆေးကောင်စီကို ထောက်ခံသူတွေလည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတကာမီဒီယာတွေမှာ ရေးသားဖော်ပြကြတာကိုလည်း တွေ့ရပါတယ်။ ဒီလိုမျိုး ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ဆရာဝန်ကျင့်ဝတ်အပြိုင်ဖြစ်လာတာနဲ့ပါတ်သက်ပြီး Prefessional ကျင့်ဝတ်နှင့် Personal လွတ်လပ်ခွင့်ခေါင်းစဉ်နဲ့ လူငယ်ဆရာဝန်စာရေးဆရာဒေါက်တာဖြိုးသီဟကို တွေ့ဆုံမေးမြန်းပြီးတင်ဆက်ပေးထားပါတယ်။