မြန်မာနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ်ဦးနုရဲ့ နေအိမ်ပြခန်း • လွတ်လပ်သော မြန်မာနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ်ဦးနုရဲ့နိုင်ငံရေးဖြတ်သန်းမှု သမိုင်းဝင်ဓာတ်ပုံများ၊ ဦးနုရေးသားခဲ့တဲ့ စာအုပ်များ၊ အဝတ်အစားနဲ့ အသုံးအဆောင်ပစ္စည်းများ စတာတွေကို ဦးနုသက်ရှိ ထင်ရှားရှိစဉ်က အသုံးပြုခဲ့တဲ့အတိုင်း ခင်းကျင်းပြသထားပါတယ်။ • ဦးနုနေအိမ်ပြခန်းကို အမှတ်၄၂၊ ပြည်ထောင်စုလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားရှိပြီး အပတ်စဉ် သောကြာ၊ စနေ၊ တနင်္ဂနွေနေ့တိုင်း မနက်၁ဝနာရီမှ ညနေ ၅နာရီအထိ မည်သူမဆိုအခမဲ့ လာရောက်ကြည်ရှုလေ့လာနိုင်ပါတယ်။