မြန်မာနိုင်ငံအတွင်း ၂၀၁၇ ခုနှစ်က စတင်ဖြစ်ပွားခဲ့တဲ့ ရာသီတုပ်ကွေး (H1N1) ရောဂါ ဟာ ယခုနှစ် ၂၀၁၉ ခုနှစ်မှာ ပုံမှန် ဖြစ်နေကြအချိန်ထက် စောစီးစွာ ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ဇွန်လ ၂၄ ရက်နေ့အထိ ရာသီတုပ်ကွေး(Seasonal Influrenza) H1N1 ရောဂါအတွက် သံသယရှိသူ ၁၇၄ ဦးကို စစ်ဆေးခဲ့ရာ ၃၅ ဦး ရောဂါပိုးတွေ့ရှိခဲ့ပြီး H1N1 ဖြစ် သေဆုံးသူ လူနာ ၈ ဦး အထိ ရှိခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါဖြစ်စဉ်တွေကြောင့် လူထုကြားထဲမှာ ရာသီတုပ်ကွေး H1N1 ရောဂါ ဖြစ်ပွားမှုအပေါ် စိုးရိမ်မှု မြင့်တက်နေပြီး H1N1 ကာကွယ်ဆေး စျေးနှုန်းတွေကလည်း မြင့်တက်နေတာဖြစ်ပါတယ်။ အဲ့ဒီ့ အခြေအနေတွေအပေါ် ကျန်းမာရေး ဝန်ကြီးဌာနအနေနဲ့ H1N1 ရောဂါ ကာကွယ်ရေး ၊ ပြည်သူ လူထု အသိပညာပေးရေး နှင့် ပတ်သက်ပြီး ဘယ်လိုတွေ စီစဉ်ဆောင်ရွက်ထားရှိလဲဆိုတာကို ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်နှင့် မေးမြန်း တင်ဆက်ပေးထားပါတယ်။
H1N1 ရာသီတုပ်ကွေးကာကွယ်ဆေး ရာနှုန်းပြည့်ကာကွယ်နိုင်ပါ့မလား (ရုပ်သံအစီအစဉ်)
Most Viewed
Most Recent
48 min ago
21 hours ago
1 day ago
1 day ago
3 days ago
4 days ago









