ဒေးဗစ်ဆေးလ်ဗား၊ အနေအေးပြီး တိတ်ဆိတ်တဲ့ ဗီဇရှိပေမယ့် မြက်ခင်းစိမ်းပေါ်က စီးချင်းထိုးပွဲတွေမှာ ရှုံးနိမ့်မှုအရသာကို မခံစားချင်သူ၊ မိုးပြာရောင် သီချင်းတစ်ပုဒ်မှာ လှပတဲ့ ဂီတသင်္ကေတ တစ်ခုဟာ ဒေးဗစ်ဆေးလ်ဗား ပါပဲ။ သူဟာ မန်စီးတီးရဲ့ ကွင်းလယ်အင်ဂျင်၊ သူဟာ မန်စီးတီး သွင်းဂိုးများရဲ့ မြစ်ဖျားခံရာ အသက်သွေးကြောလည်း ဖြစ်ပြန်တယ်။ မကြာမီမှာ မန်စီးတီးနဲ့ ၁၀ နှစ်ပြည့် ရာသီတစ်ခုကို ဖြတ်သန်းတော့မယ်။ မန်စီးတီးကစားသမားဘဝ သူ့ရဲ့ နောက်ဆုံးဆန္ဒ၊ ချန်ပီယံလိဂ်ဖလား အောင်မြင်မှုကို ထိတွေ့နမ်းရှိုက်ခွင့်ရမလား