ဟောင်ကောင်၏ လွတ်လပ်ခွင့်အတွက် ၀ိုင်းဝန်းကူညီကြရန် G20 ခေါင်းဆောင်များကို ဟောင်ကောင် တက်ကြွလှုပ်ရှားသူများ တောင်းဆို
ဇွန်လ ၂၆ ရက်နေ့က ဟောင်ကောင်ဒေသမှာ ဆန္ဒပြသူ ၁ထောင်ကျော်လောက်က ပြည်ပနိုင်ငံတွေရဲ့ ကောင်စစ်ဝန်ရုံးတွေဆီ ချီတက်ပြီး လာမယ့် G20 ထိပ်သီးအစည်းအဝေးမှာ ဟောင်ကောင်အရေးကို ထုတ်ဖော်ဆွေးနွေးဖို့နဲ့ အငြင်းပွားဖွယ် ရာဇဝတ်သားလွှဲပြောင်းရေး ဥပဒေကြမ်း အပြီးတိုင်ရုတ်သိမ်းရေးကို ထောက်ခံဖို့ တောင်းဆိုခဲ့ကြပါတယ်။