အာဏာသိမ်းရန် ကြံစည်မှုကို လုံခြုံရေးတပ်ဖွဲ့က ဖြိုခွင်းနိုင်ခဲ့ကြောင်း ဗင်နီဇွဲလားသမ္မတ မာဒူရို ပြောကြား
ဗင်နီဇွဲလားသမ္မတ နစ်ကိုးလပ်စ် မာဒူရိုက သူနဲ့ တခြားထိပ်တန်း နိုင်ငံရေးပုဂ္ဂိုလ်တွေကို လုပ်ကြံသတ်ဖြတ်ပြီး အကျဉ်းကျခံနေရတဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးကို သမ္မတအဖြစ်တင်မြှောက်မယ့် အစီအစဉ်တွေ အပါအဝင် အတိုက်အခံတွေရဲ့ အာဏာသိမ်းဖို့ ကြံစည်မှုကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကြားဖြတ်ဟန့်တားခဲ့ရတယ်လို့ ပြောပါတယ်။