ဇူလိုင်လ ၁ရက်နေ့မှ ၅ရက်နေ့အတွင်း လျှပ်စစ်ဌာနမှ လာရောက်စစ်ဆေးသည့်မီတာများ၏မီတာပြဂဏန်းကို ဓာတ်အားသုံးစွဲသူကိုယ်တိုင် ဝန်ထမ်းများနှင့်စစ်ဆေးပြီး မှန်ကန်တယ်လို့ လက်မှတ်ရေးထိုးစေလိုကြောင်း
ဇူလိုင်လ ၁ရက်နေ့မှ ၅ရက်နေ့အတွင်း လျှပ်စစ်ဌာနမှ လာရောက်စစ်ဆေးသည့်မီတာများ၏မီတာပြဂဏန်းကို ဓာတ်အားသုံးစွဲသူကိုယ်တိုင် ဝန်ထမ်းများနှင့်စစ်ဆေးပြီး မှန်ကန်တယ်လို့ လက်မှတ်ရေးထိုးစေလိုကြောင်း ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) မှ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားသုံးစွဲသူများသို့ ပန်ကြားချက်ခေါင်းစဉ်နဲ့ ဇွန်လ ၂၉ရက်နေ့ ညပိုင်းကထုတ်ပြန်လိုက်ပါတယ်။