၂၁ ရာစု ပင်လုံညီလာခံ စိတ်ဓာတ်ဖြင့် NCA သဘောတူညီချက်ကို ဆောလျင်စွာရရှိပြီး နိုင်ငံရေးဆွေးနွေးခြင်း မှတစ်ဆင့် ထာဝရငြိမ်းချမ်းရေး လမ်းစဉ်ကို လျှောက်လှမ်းသွားမည်ဟု မိုင်းလားအဖွဲ့ဥက္ကဋ္ဌ ပြောကြား
နိုင်ငံတော်ရဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်မှာ ၂၁ ရာစု ပင်လုံညီလာခံ စိတ်ဓာတ်ဖြင့် NCA သဘောတူညီချက်ကို ဆောလျင်စွာရရှိပြီး နိုင်ငံရေးဆွေးနွေးချက် မှတစ်ဆင့် ထာဝရငြိမ်းချမ်းရေး လမ်းစဉ်ကို လျှောက်လှမ်းသွားမယ်လို့ မိုင်းလားအဖွဲ့ (NDAA) ဥက္ကဋ္ဌ ဦးစိုင်းလင်းက ပြောပါတယ်။