ပြည်ထောင်စုလွှတ်တေ်ာမှ ယာယီရပ်ဆိုင်းခိုင်းထားသည့် နိုင်ငံပိုင် စက်ရုံအလုပ်ရုံ(၂၄)ရုံအား အစိုးရမှ မည်ကဲ့သို့ စီမံဆောင်ရွက်မည်ကို အမြန်ဆုံးပြန်လည်တင်ပြရန် ပြည်သူ့လွှတ်တော်ကော်မတီ တိုက်တွန်
း ငါးနှစ်ဆက်တိုက်အရှုံးပေါ်နေ၍ ယာယီရပ်ဆိုင်းရန် ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ထားတဲ့ နိုင်ငံပိုင် စက်ရုံ/အလုပ်ရုံ(၂၄)ရုံအား ပြည်ထောင်စုအစိုးရမှ မည်သို့မည်ပုံ စီမံဆောင်ရွက်မည်ကို လွှတ်တော်သို့ အမြန်ဆုံး ပြန်လည်တင်ပြရန်တိုက်တွန်းကြောင်း ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီရဲ့ အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။