ပုဏ္ဏားကျွန်းမြို့နယ် ပိုးရွှီပြင်ကျေးရွာတွင် နေရပ် စွန့်ခွာလာသည့် စစ်ဘေးရှောင်သူများ ထပ်မံ တိုးလာသဖြင့် ဒုက္ခသည်ဦးရေ ၂၀၀၀ ကျော်အတွက် အရေးပေါ် ရိက္ခာ လိုအပ်နေ
ပုဏ္ဏားကျွန်းမြို့နယ် တောဖျားဒေသ သြရမကျေးရွာမှ ဒေသခံများ ထပ်မံ နေရပ်စွန့်ခွာ လာတဲ့အတွက် ပိုးရွှီပြင်ကျေးရွာမှာ ဒုက္ခသည်ဦးရေ ၂၁၀၀ အထိ ရှိလာပြီး အရေးပေါ် ရိက္ခာအကူအညီများ လိုအပ်နေတယ်လို့ ပိုးရွှီပြင် မဟာမိတ်လူမူကူညီရေးအသင်းမှ သိရပါတယ်။