ဆာရင်ဓာတု အဆိပ်စစ်ဆေးတွေ့ရှိပြီးနောက် Facebook ကုမ္ပဏီအဆောက်အအုံလေးခုမှ ဝန်ထမ်းများရွှေ့ပြောင်းခဲ့ရ
ကယ်လီဖိုးနီးယားရှိနည်းပညာကုမ္ပဏီတွေစုဝေးရာ ဆီလီကွန်ဗယ်လီအရပ်မှာ ဇူလိုင်လ၁ရက်နေ့က Facebook ပိုင်ချောစာနဲ့ ချောထုပ်တွေလက်ခံရုံတစ်ခုမှာ ဆာရင်အဆိပ်ပါတယ်လို့ယူဆရတဲ့ အထုပ်တစ်ထုပ်ကြောင့် လူတွေဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပါတယ်။