သုံးစွဲမီတာယူနစ်များကို တိကျစွာကောက်ယူထားနိုင်ခြင်းမရှိသောကြောင့် ယူနစ်များပေးဆောင်ရန် ကျန်ရှိနေပါက စျေးနှုန်း အသစ်ဖြင့်သာ ပေးဆောင်ရမည်
လစဉ်မီတာယူနစ်တွေကောက်ယူရာမှာ တိကျသေစွာမကောက်ယူမိတဲ့အတွက် အချို့မီတာတွေမှာ ယူနစ်တွေကျန်ရှိ နေပါက စျေးနှုန်းတိုးမြင့်လိုက်တဲ့ယူနစ်စျေးနှုန်းတွေအတိုင်းသာ ကျခံပေးဆောင်ရမှာဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး လျှပ် စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ညွှန်ကြားရေးမှူး ဦးလှဖုန်းက ပြောပါတယ်။