ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ထောက်ပံ့ရန်ပုံငွေထဲမှ ကျပ် ၂.၃၇၈ ဘီလီယံတန်ဖိုးရှိ စည်ပင်သာယာရေး သုံး ယာဉ်ယန္တရားများကို မြို့နယ်အလိုက်ပေးအပ်
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ထောက်ပံ့ရန်ပုံငွေထဲကနေ ကျပ် ၂.၃၇၈ ဘီလီယံ တန်ဖိုးရှိ မြေတူးစက်၊ ရေပုပ်စုပ်ယာဉ် ၊အမှိုက်ကန်တင်ယာဉ် ၊အမှိုက်သိမ်းယာဉ် စတဲ့ စည်ပင်သာယာသုံး ယာဉ်ယန္တရားတွေကို တိုင်းဒေသအတွင်းရှိ မြို့နယ်စည်ပင်သာယာကော်မတီတွေဆီ ခွဲဝေပေးအပ်ခဲ့မှု အခမ်အနားကို ပုသိမ်မြို့ မြို့တော်ခန်းမတွင် ဇူလိုင်လ ၃ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။