မန္တလေးတိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်တန်းအောင်ချက်ရာခိုင်နှုန်း သုညဖြစ်ခဲ့သည့် ကျောင်း ၁၅ ကျောင်းရှိခဲ့ပြီး စီမံချက်ဖြင့် ရာခိုင်နှုန်းမြင့်ရန် ဆောင်ရွက်မည်
၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် မန္တလေးတိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်တန်းအောင်ချက်ရာခိုင်နှုန်းဟာ တစ်နိုင်ငံလုံးအတိုင်းအတာအရ ဒုတိယအများဆုံးဖြစ်ခဲ့ပေမယ့် အောက်ချက်သုညဖြစ်ခဲ့တဲ့ ကျောင်း ၁၅ ကျောင်းရှိခဲ့ပြီး အဲ့ဒီကျောင်းတွေကို စီမံချက်ဖြင့် ရာခိုင်နှုန်းမြင့်ရန် ဆောင်ရွက်သွားမယ်လို့ တိုင်းဒေသကြီးပညာရေးမှူးရုံးက ပြောပါတယ်။