နေပြည်တော် သက်ငယ်မုဒိမ်းမှုမှ ကျူးလွန်သူမှာ ယာဉ်မောင်း အောင်ကျော်မျိုး (ခေါ်) အောင်ကြီးဟု ခရိုင်တရားရုံး ပြန်ကြားရေးအရာရှိ ပြောကြား
လူမှုကွန်ရက် စာမျက်နှာမှာ အမှုမှန်ပေါ်ပေါက်ဖို့တောင်းဆိုမှုတွေ ပြုလုပ်လျက်ရှိတဲ့ နေပြည်တော် သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး နေပြည်တော် Wisdom Hill ကျောင်းမှ ယာဉ်မောင်းအား ပုဒ်မ ၃၇၆ နဲ့ ဒက္ခိဏခရိုင်တရားရုံးက ဒီကနေ့ ဇူလိုင် ၄ ရက်မှာ စတင်တရားစွဲခဲ့တယ်လို့ ခရိုင်တရားရုံး ပြန်ကြားရေး အရာရှိက ပြောပါတယ်။ ယာဉ်မောင်း အောင်ကျော်မျိုး (ခေါ်) အောင်ကြီးအား စစ်ဆေးမှုများအရ အခုလိုတရားစွဲဆိုခဲ့တာဖြစ်တယ်လို့ ပြန်ကြားရေးအရာရှိက မီဒီယာတွေကို အခုလိုဖြေကြားခဲ့ပါတယ်။ ဆက်လက်ရရှိတဲ့သတင်းတွေကို Eleven Broadcasting က ဖော်ပြသွားပါမယ်