ဒေါ်အောင်ဆန်းစုကြည်၏ ဧရာဝတီတိုင်းခရီးစဉ်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပတ်သက်၍ တိုင်ကြား ခဲ့သည့် အမှု ၅ မှုကို သမ္မတရုံးညွန်ကြားချက်အရ လွှတ်တော်စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးနေ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်းဒေသကြီးခရီးစဉ်အတွင်း လွှတ်တော်ကိုယ်စားလှယ် တွေနဲ့ ပတ်သက်လို့ ပြည်သူတွေတင်ပြတိုင်ကြားခဲ့တဲ့ အမှု ၅ မှုကို သမ္မတရုံးရဲ့ ညွန်ကြားချက်အရ လွှတ်တော်စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးနေတယ်လို့ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ဇူလိုင် ၄ ရက်နေ့က ကျင်းပတဲ့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် အရေးပေါ်အစည်းအဝေးဒုတိယနေ့မှာ ပြောပါတယ်။