ဘိလပ်မြေစက်ရုံတစ်ရုံတည်ဆောက်နိုင်ရေး တရုတ်ကုမ္ပဏီတစ်ခုက တိုင်းဒေသကြီး အစိုးရထံ ပဏာမလာရောက်ဆွေးနွေး
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်အတွင်း ဘိလပ်မြေစက်ရုံတစ်ရုံတည်ဆောက်နိုင်ဖို့ တရုတ်ကုမ္ပဏီတစ်ခုက တိုင်းဒေသကြီးအစိုးရထံ ပဏာမအဖြစ် လာရောက်ဆွေးနွေးခဲ့တယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီးဦးလာလ်ထောင်ထန်းရဲ့ ပြောကြားချက်အရ သိရပါတယ်။