ပလတ်စတစ်ညစ်ညမ်းမှုများကြောင့် ဧရာဝတီမြစ်၏ဂေဟစနစ်နှင့်စိုက်ပျိုးရေးလုပ်ငန်းများအပေါ်ထိခိုက် လျက်ရှိဟု သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဒုတိယဝန်ကြီးပြော
ဧရာဝတီမြစ်အတွင်း ပလတ်စတစ်ညစ်ညမ်းမှုများဖြစ်ပေါ်နေခြင်းကြောင့် မြစ်၏ဂေဟစနစ်များ၊ ငါးဖမ်းလုပ်ငန်း နှင့်စိုက်ပျိုးရေးလုပ်ငန်းများ အပေါ်ထိခိုက်လျက်ရှိပြီး ကျေးလက်ဒေသများ၌ သင့်လျော်သော စွန့်ပစ်ပစ္စည်း စီမံ ခန့်ခွဲမှုမရှိခြင်းကလည်း ပတ်ဝန်းကျင်ညစ်ညမ်းမှု ပြဿနာကို ပိုမိုဆိုးရွားနေတယ်လို့ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ပြောပါတယ်။