ရှားခဲအင်းလုပ်ပိုင်ခွင့်ကို ဒေသခံရေလုပ်သားများ လုပ်ပိုင်ခွင့်ရရှိရေး ပုသိမ်မြို့တွင် ရေလုပ်သား ၂ဝဝခန့် ဆန္ဒဖော်ထုတ်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကမ်းနားလမ်းမကြီးမှာ ကျုံပျော်မြို့နယ်ရှိ ရှားခဲအင်းလုပ်ငန်း လုပ်ကိုင်ခွင့်ကို ဒေသခံရေလုပ်သားများလုပ်ကိုင်ခွင့်ရရေးအတွက် ဒေသခံရေလုပ်သား ၂ဝဝကျော်မှ ဇူလိုင်လ ၉ ရက်နေ့ က စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ သိရပါတယ်။