အရက်အမြဲသောက်၍ အလုပ်မလုပ်သဖြင့်ဆုံးမသောမိခင်ဖြစ်သူကို သားအရင်းက ခေါင်းအုံးဖြင့်ဖိသတ်မှု ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဖြစ်ပွား
အရက်အမြဲသောက်ပြီး အလုပ်မလုပ်တာကို ဆုံးမတဲ့ မိခင်ဖြစ်သူကို သားအရင်းက ခေါင်းအုံးနဲ့ ဖိသတ်မှု ဇူလိုင်လ ၈ ရက်နေ့က ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရဲ့ သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။