အင်ဒိုနီးရှားနိုင်ငံ ပါပူအာပြည်နယ်၌ ဆောက်လုပ်ရေးလုပ်သားများ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွင် သံသယရှိသူများကို အင်ဒိုနီးရှားစစ်တပ်က လိုက်လံဖမ်းဆီး
အင်ဒိုနီးရှားနိုင်ငံရဲ့ တည်ငြိမ်မှုမရှိတဲ့ ပါပူအာပြည်နယ်မှာ ဆောက်လုပ်ရေးလုပ်သား ၂၄ ဦးခန့်ကို သတ်ဖြတ်မှုနဲ့ သံသယရှိနေတဲ့ ခွဲထွက်ရေးသူပုန်တွေကို အင်ဒိုနီးရှားစစ်တပ်က ဒီဇင်ဘာလ ၅ ရက်နေ့မှာ လိုက်လံဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။