မန္တလေးမြို့စွန့်ပစ်အမှိုက်စီမံချက်၏ အစိတ်အပိုင်းအဖြစ် တည်ဆောက်နေသည့် နိုင်ငံတကာအဆင့်မီအမှိုက်စုကန်ကို ယခု ဘဏ္ဍာနှစ်ကုန်တွင် ပြီးစီးရန် ဆောင်ရွက်နေ
မန္တလေးမြို့အတွင်းကထွက်ရှိတဲ့ အမှိုက်တွေ စနစ်တကျစွန့်ပစ်နိုင်ဖို့ level 4 Sanitary landfill နိုင်ငံ တကာအဆင့်မီ အမှိုက်စုကန် (အမှိုက်ကျင်း) တစ်ခုကို အခုဘဏ္ဍာနှစ်ကုန် အောက်တိုဘာလမှာပြီးစီးအောင် ဆောင်ရွက်နေတယ်လို့ မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီထံက သိရပါတယ်။