ဧရာဝတီမြစ်နှင့် ဒုဋ္ဌဝတီမြစ်ရေ မြို့အချို့တွင် စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေဆဲ ဖြစ်ပြီး ဒေသအချို့တွင် မိုးဆက်လက် ရွာသွန်းနိုင်
ဧရာဝတီမြစ်ရေဟာ သပိတ်ကျင်း မန္တလေးနဲ့ စစ်ကိုင်းမြို့တွေအနီးမှာ စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်တည်ရှိနေဆဲ ဖြစ်ပြီး ဇူလိုင်လတတိယပတ်အတွင်းမှာ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိနည်းရပ်ဝန်းဖြစ်ပေါ်နိုင်ကာ အနောက်တောင်မုတ် သုံလေ အားအသင့်အတင့် ရှိနေနိုင်တာကြောင့် မြန်မာနိုင်ငံရဲ့ ဒေသအချို့မှာ မိုးဆက်လက် ရွာသွန်းနေဦးမယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။