လွန်ခဲ့တဲ့သုံးနှစ်လောက်ကပထမဦးဆုံးရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရုံတင်တော့မယ့်အပေါ်ရင်ခုန်မှု ရှိနေတဲ့အကြောင်းပြောလာတဲ့ ဟန်တီ
အလှမယ် ဟန်တီကတော့ သူမအသက် (၁၉) နှစ်လောက်ကရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားက ယခုနှစ် သြဂုတ်လမှာရုံတင်တော့မှာဖြစ်တယ်လို ့သိရတဲ့အတွက် ရင်ခုန်မှုတွေရှိနေတယ်လို ့ဆိုပါတယ်။ “လွမ်းဒဏ္ဍာရီ” ဆိုတဲ့ဇာတ်ကားလေးကိုတော့ လွန်ခဲ့တဲ့သုံးနှစ်လောက်ကရိုက်ကူးထားတာဖြစ်ပြီး ပထမဦးဆုံး ရိုက်ကူးဖူးတဲ့ ရုပ်ရှင် ဇာတ်ကားကြီးဖြစ်တဲ့အတွက် ဟန်တီ့ရဲ ့အရင်က ပုံစံတွေကိုမြင်တွေ ့ရမှာ ဖြစ်တာကြောင့် အကောင်းဆုံးထွက်လာဖို ့ပဲ မျှော်လင့်နေတဲ့အကြောင်းကို အခုလိုပဲပြောပါတယ်။