လူဆိုးဂိုဏ်းသားများ တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ဟောင်ကောင်ပြည်သူ ထောင်ပေါင်းများစွာက ဆန့်ကျင်ဆန္ဒပြ
ဇူလိုင်လ ၂၇ ရက်နေ့က ဟောင်ကောင်ပြည်သူ ထောင်ပေါင်းများစွာဟာ ရဲတပ်ဖွဲ့က တားမြစ်ထားတဲ့ကြားမှာပဲ ပြီးခဲ့တဲ့သီတင်းပတ်ကုန်က ဘူတာရုံတစ်ရုံမှာ ဆန္ဒပြသူတွေနဲ့ ခရီးသည်တွေကို လူဆိုးဂိုဏ်းသားတွေက ဝင်ရောက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့ ကျေးလက်မြို့လေးတစ်မြို့မှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။