နောက်ပိုင်းမှာ ထုတ်လုပ်ရေးတွေက ဖိအားပေးတာမရှိသလို pre Production တွေလည်းအများကြီး လုပ် ပြီးမှ ရိုက်ရလို့ ရိုက်တဲ့အချိန်ပင်ပန်းပေမယ့် ဇာတ်ကားထွက်လာရင်အားရတယ် လို့ဆိုတဲ့ Alice Ong
မော််ဒယ်သရုပ်ဆောင် Alice Ong ကတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ ရုပ်ရှင်သုံးကားနဲ့ ရုပ်သံစီးရီးတွဲ တစ်ခု ထပ်မံရိုက်ဖို့ ရှိပြီး မြင်နေကျမဟုတ်တဲ့ပုံစံတွေ ၊ဗီလိန်ကာရိုက်တာတွေနဲ့ မြင်တွေ့ရမယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာ ထုတ်လုပ်ရေးတွေကလည်း ဖိအားပေးတာမရှိသလို ကြိုတင်ပြင်ဆင်မှုတွေ အများကြီးလုပ်ပြီးမှရိုက်ရတော့ ဇာတ်ကားထွက်လာရင်လည်း အားရမှုတွေရှိတယ်လို့ ခုလိုပြောပြပါတယ်။