အဂတိလိုက်စားမှု တိုက်ဖျက်ရန် နိုင်ငံရေးဆန္ဒ ပြင်းပြစွာရှိပြီး ဇွဲလုံ့လ ဝီရိယဖြင့် လုပ်ဆောင်ရန် သန္နိဋ္ဌာန်ချမှတ်ထားပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား
အဂတိလိုက်စားမှုမှာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် တည်ဆောက်ရေးအတွက် အဓိကကျတဲ့ ခလုတ်တံသင်းဖြစ်နေတာကို နားလည်သဘောပေါက်ကြောင်းနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရန် နိုင်ငံရေး ဆန္ဒ (Political Will) ပြင်းပြစွာရှိပြီး ဇွဲလုံ့လ ဝီရိယဖြင့် လုပ်ဆောင်ရန် သန္နိဌာန်ချမှတ်ထားပြီး ဖြစ်တယ်လို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြောကြားပါတယ်။