သြဂုတ်လ ၄ ရက်နေ့ နေ့လယ်ပိုင်း သတင်းအစီအစဉ်

သြဂုတ်လ ၄ ရက်နေ့ နေ့လယ်ပိုင်း သတင်းအစီအစဉ်
Published 4 August 2019

■ ရာသီတုပ်ကွေးရောဂါ (H1N1)ကြောင့် သေဆုံးသူ ၈၇ ဦးအထိ မြင့်တက်လာ

■ ပုသိမ်မြို့တွင် ဆေးစစ်ချက်အရ H1N1 ရောဂါဖြစ်ပွားနေသည်ဟု သတ်မှတ်ခံရသည့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး H1N1 ဖြင့် သေဆုံးသူအားလုံးနီးပါးမှာ ပြင်ပရောဂါအခံရှိသူများဖြစ်ကြောင်း သိရ

■ 7July လမ်းလျှောက်ချီတက်မှုမှ တရားစွဲခံရသူများအတွက် စိတ်မကောင်းသော်လည်း ဥပဒေနှင့်အညီ ဆောင်ရွက်ပြီး ဒီမိုကရေစီနိုင်ငံရှင်သန်နိုင်ရန် ၀ိုင်းဝန်းကူညီစေချင်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား

■ ထိုင်းနိုင်ငံရှိ ကျေးလက်ဒေသတစ်ခုတွင် ဆင်နားရွက်နှင့် နှာမောင်းပုံသဏ္ဍာန်ပါကာ မွေးဖွားလာသည့် ဝက်ပေါက်လေးတစ်ကောင်က ဒေသခံများ၏ အချစ်တော် ဖြစ်နေ

■ အသင်းမှ ဂရီးဇ်မန်းထွက်ခွာသွားသည့်ပုံစံက မိမိကို အံ့အားသင့်စေခဲ့သည်ဟု အက်သလက်တီကိုကွင်းလယ်လူ ဆာအူလ် ပြော စတဲ့ စိတ်ဝင်စားဖွယ် နောက်ဆုံးရ ပြည်တွင်း နိုင်ငံတကာနဲ့ အားကစားသတင်းများ ပါဝင်ပါတယ်။

Most Viewed

Most Recent