ပိုလန်တွင် ပြုလုပ်နေသည့် Miss Supranational ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်နေတဲ့ အလှမယ်ရွှေအိမ်စည်ဟာ Evening Gown Round အတွက် Evening Gown အချိန်မှီရောက်မလာဘူးဆိုတဲ့ လူမှုကွန်ယက်ပေါ်တွင် ပျံ့နှံ့မှုများနဲ့ပက်သက်ပြီး Miss Golden Land Myanmar Organization မှ CEO ကိုဟန်ဇော်လတ်က အဝတ်အစားပိုင်းနဲ့ပက်သက်ပြီး ကိုယ်တိုင်စိတ်ကြိုက်ပြင်ဆင်လို တဲ့ ရွှေအိမ်စည်ရဲ့ တောင်းဆိုချက်အရခွင့်ပြုထားတာဖြစ်ကြောင်း၊ဖိုင်နယ်ပွဲအတွက် ဝတ်စုံမရှိခြင်းမဟုတ်ဘဲ ရွှေအိမ်စည်အနေဖြင့် သူမပြင်ဆင်ထားသည့် Evening Gown တွေယူဆောင်သွားတာဖြစ်ကြောင်း၊ Back up အနေနဲ့ယူလာဖို့ မှာထားတဲ့ Evening Gown တစ်စုံကို organization ရဲ့Charity Project ကိစ္စများအတွက် ခရီးစဉ်ကိုမသွား ဖြစ်ဘဲ မပို့နိုင်တာဖြစ်ကြောင်းကိုရှင်းလင်းပြောကြားခဲ့ပါတယ်။
အလှမယ်ရွှေအိမ်စည်အတွက် Evening Gown ဝတ်စုံရှိထားပြီးဖြစ်ကာ အရံဝတ်စုံမပို့ပေးခြင်းဖြစ်ကြောင်းရှင်းလင်း