အင်ဒို-ပစိဖိတ်ဒေသတွင် အမေရိကန်က တာလတ်ပစ်ဒုံးများချထားမည်ဆိုပါက တန်ပြန်တုံ့ပြန်မည်ဟု တရုတ် ထုတ်ပြန်
အင်ဒို-ပစိဖိတ်ဒေသမှာ အမေရိကန်က လာမယ့်လများအတွင်း ပြုလုပ်ရန် စီစဉ်နေတဲ့ တာလတ်ပစ်ဒုံးများအား ချထားမှုကို ဆောင်ရွက်မယ်ဆိုရင် တရုတ်ကလည်း လက်ပိုက်ကြည့်နေမှာမဟုတ်ဘဲ တန်ပြန်တုံ့ပြန်မှုများ ပြု လုပ်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ လက်နက်ထိန်းချုပ်ရေးဌာန ဒါရိုက်တာ ဖူကောင်က ကြေ ညာချက်ထုတ်ပြန်ခဲ့ပါတယ်။