လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ဒေသခံများ မြေယာလျော်ကြေးငွေ မထုတ်ခြင်းမှာ မိသားစုအမွေ ခွဲဝေမှု ပြဿနာကြောင့်ဖြစ်ဟု တိုင်းစည်ပင်ဝန်ကြီး ပြောကြား
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံတွေ အနေနဲ့ မြေယာလျော်ကြေးငွေ မထုတ်ယူရခြင်းမှာ မိသားစုမြေယာ အမွေခွဲဝေမှု ပြဿနာကြောင့်သာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေး ဝန်ကြီး ဦးမြင့်ကြည်က ပြောပါတယ်။