သြဂုတ်လ ၆ ရက် ညပိုင်းက ယာယီပိတ်ခဲ့သည့် ရန်ကုန် - မော်လမြိုင် ရထားလမ်းပိုင်း ပြန်လည်ဖွင့်လှစ်
ဘီးလင်းမြို ့နယ်အတွင်းရှိ ရန်ကုန် - မော်လမြိုင် ရထားလမ်း၊ နှင်းပုလဲဘူတာနှင့် ဒုံဝန်းဘူတာကြား ရထားမိုင်တိုင်အမှတ် ၁၁၈/၂၃ နှင့် ၁၁၉/၄ ကြားရှိ တံတားအမှတ် BR-72 (A) ယာယီလမ်းလွှဲတာဘောင်မှာ တောင်ကျရေတိုးဝင်မှုကြောင့် ရေတိုက်စားမှုဖြစ်ပွားခဲ့ပြီး ဖြတ်သန်းသွားလာရန် မသင့်တဲ့ အတွက် သြဂုတ်လ (၆) ရက် ည (၈) နာရီအချိန်က ယာယီပိတ်ထားခဲ့ရာမှ သြဂုတ်လ (၇) ရက် မွန်းလွဲ (၃း၁၅) အချိန်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။