ဧရာဝတီတိုင်းလွှတ်တော် မော်တော်ယာဉ်ဝယ်ယူမှုနှင့်ပတ်သက်၍ လွှတ်တော်ဒု-ဥက္ကဌဟောင်းအား တိုင်ကြား ခံထားရသည့်အမှုတွင် ရဲတပ်ဖွဲ့က အစိုးရအဖွဲ့ထံ စာရင်းစစ်ချုပ်အစီရင်ခံစာ တောင်းထားဆဲဖြစ်ကြောင်းသိရ
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မှာ အသုံးပြုဖို့ မော်တော်ယာဉ်တွေ ဝယ်ယူရာမှာ လုပ်ထုံးလုပ်နည်း ပိုင်းလွဲမှားမှုနဲ့ငွေကြေးပိုင်းဆိုင်ရာလွဲချော်မှုတစ်ချို့ရှိခဲ့တယ်လို့ဆိုပြီးလွှတ်တော်ဝန်ထမ်းတစ်ဦးက အမှုဖွင့် တိုင်ကြားခံထားရတဲ့ ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဌဟောင်း ဦးစံမင်းအောင်ရဲ့ အမှုနဲ့ပတ်သက်ပြီးရဲတပ်ဖွဲ့က တရားစွဲစစ်ဆေးနိုင်ဖို့ လိုအပ်နေသေးတဲ့ စာရင်းစစ်ချုပ်အစီအရင်ခံစာ ကိုတိုင်းဒေသကြီးအစိုးရအဖွဲ့ထံတောင်းခံထားဆဲဖြစ်တယ်လို့သိရပါတယ်။