မြန်မာနိုင်ငံတွင် ယခုနှစ်၌ မုတ်သုန် အဝင်နောက်ကျကာ အထွက်စောမည်ဟုသိရပြီး ရုတ်တရက် ရေကြီးရေလျှံမှု ကြုံတွေ့ရနိုင်သဖြင့် ဆည်တမံများ၏ ကြံ့ခိုင်ရေးကို ယခင်ထက်ပိုမို ဂရုစိုက်ရန် ဒုတိယသမ္မတ(၂)ဆို
မိုးလေဝသပညာရှင်များ၏ ခန့်မှန်းချက်အရ ယခုနှစ်မှာ မြန်မာနိုင်ငံအနေနဲ့ မုတ်သုန်အဝင် နောက်ကျပြီး အထွက်စောမည်ဟုသိရကာ နှစ်စဉ်ရွာသွန်းသည့် မိုးရေချိန်ပမာဏ ပြောင်းလဲမှု မရှိပေမဲ့လည်း မိုးရွာသွန်းချိန်ကာလ တိုတောင်းမည်ဖြစ်တာကြောင့် ရုတ်တရက် ရေကြီးရေလျှံမှုများ ကြုံတွေ့ရနိုင်တဲ့အတွက် ဆည်တမံများ၏ ကြံ့ခိုင်ရေးကို ယခင်ထက်ပိုမို ဂရုစိုက်ရန်လိုအပ်တယ်လို့ ဒုတိယသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူက ပြောကြားလိုက်ပါတယ်။