“ ဘယ်နေရာကပါရပါရ အကောင်းဆုံးဖြစ်အောင်လုပ်ပါ ၊ အကျိုးကျေးဇူးကနောက်ကနေ လိုက်လာပါလိမ့်မယ် ’’ ဆိုတဲ့ခံယူချက်နဲ့ပဲ အနုပညာ အလုပ်တွေလုပ်တယ်ဆိုတဲ့ အောင်ရဲထိုက်
သရုပ်ဆောင် အောင်ရဲထိုက်ကတော့ အနုပညာလမ်း လျှောက်လှမ်းချိန်မှာ ပါဝင်ရတဲ့ဇာတ်ဝင်ခန်းနည်း သည်ဖြစ်စေ၊ များသည်ဖြစ်စေ ရတဲ့နေရာမှာ အကောင်းဆုံးဖြစ်အောင်လုပ်မယ့်စိတ်ပဲရှိပြီး ရိုက်တဲ့ကားတွေ အကုန်လုံးလည်း လုပ်ချင်တာနဲ့ထပ်တူကျခဲ့တယ်လို့ဆိုကာ “ ဘယ်နေရာကပါရပါရ ကိုယ်ပါတာကို အကောင်းဆုံး ဖြစ်အောင်လုပ်ပါ ၊ အဲဒီအကျိုးကျေးဇူးကနောက်ကနေ လိုက်လာပါလိမ့်မယ် ’’ ဆိုတဲ့ခံယူချက် နဲ့ပဲရှေ့ ဆက်တယ်လို့ ဆိုပါတယ်။